Myanmar Training Development Expo 2016 အကြောင်း

ခရီးသွားလာမှုနှင့် စီစဉ်ဧည့်ခံမှု လုပ်ငန်းနယ်ပယ်နှင့် လက်လီရောင်းချမှု လုပ်ငန်းနယ်ပယ်များအတွက် ပထမဆုံး သက်မွေးပညာ သင်ကြားလေ့ကျင့်ရေး ပြပွဲ

Myanmar Training Development Expo (MTDE) 2016 သည် မြန်မာနိုင်ငံ၏ မြင့်တက်နေသော ပညာရေး၊ သင်ကြားလေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် မြန်မာနိုင်ငံရှိ လုပ်သားအင်အားစု၏ လုပ်အားမှအကျိုးဖြစ်ထွန်းနှုန်း (labor productivity) ကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျယ်ပြန့်ပြည့်စုံသော စီစဉ်ခင်းကျင်းမှုဖြင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်၏ အကောင်းဆုံး စိတ်ကူးဉာဏ်များနှင့် ကိုင်တွယ်ဆောင်ရွက်နည်းများကို ခင်းကျင်းပြသသွားမည့် လိုအပ်ချက်အားလုံးကို တစ်နေရာတည်းတွင် ဖြည့်ဆည်း ပေးနိုင်သော ပထမဆုံး လေ့လာသင်ယူရေးပြပွဲတစ်ခု ဖြစ်သည်။

MTDE 2016 သည် ကြီးထွားနေသည့် လုပ်ငန်းနယ်ပယ်နှစ်ရပ်ဖြစ်သော လက်လီရောင်းချမှု (Retail) နှင့် ခရီးသွားလာမှုနှင့် ခရီးသွားလုပ်ငန်း (Travel & Tourism) တို့တွင် အသက်အရွယ်အမျိုးမျိုးအတွက် သင်ကြားလေ့ကျင့်ရေးနှင့် အကြံပေးဝန်ဆောင်မှုများ၊ ပညာရေးအစီအစဉ်များနှင့် ဒစ်ဂျစ်တယ်နည်းပညာ ကိုင်တွယ် ဖြေရှင်းနည်းများ လေ့လာသင်ယူရေး သွင်ပြင်လက္ခဏာများအပေါ် အာရုံစိုက်သော များပြားစုံလင်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ခင်းကျင်းပြသရန် ရည်ရွယ်သည်။

Sphere Exhibits Pte Ltd and Singapore Business Federation တို့က စီစဉ်ကျင်းပသည့် ဤပထမဆုံးသက်မွေးပညာပြပွဲသည် ပြပွဲတွင်ပါဝင်သည့် ပြုဖွယ်ဆောင်တာအမျိုးမျိုးမှတစ်ဆင့် စီးပွားရေး လုပ်ငန်းအခွင့်အလမ်းများကို တွေ့မြင်သိရှိရန်၊ ကွန်ရက်ဖြန့်ကျက်ရန်နှင့် လေ့လာဖော်ထုတ်ရန် အခွင့်အရေးများစွာ ရရှိစေမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုလုပ်ရန်နှင့် အမည်အမှတ်အသားလူသိများမှု ရယူရန် နိုင်ငံတကာ ပညာရေးနှင့် အသက်မွေးမှုအတတ်ပညာ သင်တန်းကျောင်းများနှင့် ကိုင်တွယ်ဆောင်ရွက်နည်း ဝန်ဆောင်မှုပေးသူများကို ဖိတ်ခေါ်
ပြပွဲလာပရိသတ်များ ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်သော လေ့လာသင်ယူရေးသီးသန့်နေရာတွင် သင်၏ စီးပွားရေးလုပ်ငန်းကိုင်တွယ် ဆောင်ရွက်နည်းများကို ပါဝင်ခင်းကျင်းပြသပါ
  • နိုင်ငံတကာနှင့် ဒေသတွင်းမှ ပါဝင်ပြသသူများနှင့် အထင်ကရ အင်စတီကျူးရှင်းပေါင်း ၁၀၀
  • နိုင်ငံပေါင်း ၁၀ နိုင်ငံ
မြန်မာ၊ သြစတြေးလျ၊ တရုတ်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံ၊ ဗြိတိန်နှင့် အခြားနိုင်ငံများမှ ပြခန်းများ
နောက်ထပ်အသေးစိတ်အချက်အလက်အတွက် ကျွန်ုပ်တို့ထံ အီးမေးပို့ ပါ။

စာရင်းသွင်းမှုနှင့်ပတ်သက်ပြီး နောက်ထပ်သိလိုပါသလား

ဤနေရာတွင် ကျွန်ုပ်တို့ထံ အီးမေးပို့ပါရန်

Organised by

Organised by

Knowledge Partner

Industry Partners

Official Media Partner

Official Local Partner

  • Apex Partner

Official Travel Agent

Official Stand Builder

Official Freight Forwarder

  • APT Showfreight

Supporting Organisations

Supporting Organisations

Media Partner

Media Partners

  • Myanmar Times
  • TTR Weekly